Local News

၂၀၂၂ ခုနှစ် ဧပြီလဒုတိယပတ် မန္တလေးကုန်စည်ဒိုင်တွင် ပဲမျိုးစုံဈေးအေးနေ

Last Updated:

ကုလားပဲ(ထိုင်ဝမ်) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် (၁၂၂၀၀၀) ယခင်တစ်ပတ်(၁၂၂၀၀၀) ကျပ်၊ ယခင်လ(၁၂၅၀၀၀)ကျပ်ဖြစ်ခဲ့သည်။  ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ် (၃၀၀၀) နိမ့်ကျလာသည်။

ကုလားပဲ (929) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ်(၁၂၄၀၀၀) ယခင်တစ်ပတ် (၁၂၄၀၀၀) ကျပ်၊ ယခင်လ(၁၂၇၀၀၀)ကျပ် ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး ယခင်လထက် ကျပ် (၃၀၀၀) နိမ့်ကျလာသည်။

ကုလားပဲဖြူ(V2) ၅၇.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်(၁၃၂၀၀၀)ကျပ်၊ ယခင်တစ်ပတ်(၁၃၀၅၀၀)ကျပ်၊ ယခင်လ (၁၃၃၀၀၀) ကျပ် ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်  ကျပ် (၁၅၀၀)မြင့်တက်လာပြီး ၊ ယခင်လထက်ကျပ် (၁၀၀၀) နိမ့်ကျလာသည်။

ယခင်တစ်ပတ်ထက် ကုလားပဲဈေးအနည်းငယ်မြင့်တက်လာပြီး ယခင်လနှင့်နှိုင်းယှဉ်လျှင် ကုလားပဲတစ်အိတ် ကျပ်၁၀၀၀မှကျပ်၃၀၀၀ဈေးနိမ့်လာသည်။ဈေးကွက်အဝင်နည်းကြောင်း၊လှောင်လက် သမားအဝယ်ရှိပြီး ပဲခွဲစက်အဝယ်အေးနေကြောင်းသိရသည်။

 

ပဲတီစိမ်း(အညာ) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ်(၁၁၈၀၀၀) ယခင်တစ်ပတ် (၁၁၈၀၀၀) ကျပ်၊ ယခင်လ (၁၀၅၀၀၀) ကျပ်ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ် (၁၃၀၀၀) မြင့်တက်လာသည်။

သင်္ကြန်အပြီး မေလမှသာ ပဲတီစိမ်းအသစ်ထွက်ပေါ်မည်ဖြစ်၍ ဈေးကွက်သို့အဝင်နည်းနေကြောင်း၊အရောင်းအဝယ်အေးနေကြောင်းသိရသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News